|
ရုံးတက်လက်မှတ်ထိုးခြင်းကို မင်္ဂလာမဆောင်မီ ပြုလုပ်လေ့ ရှိကြပါတယ်။
အချို့ သော မင်္ဂလာမောင်မယ်များကတော့ ရုံးတက်လက်မှတ်ထိုးပြီး နှစ်ဖက်သောမိဘများက
အသိအမှတ်ပြုကာ မင်္ဂလာ ကိစ္စကို အကျဉ်းချုံး ဆောင်ရွက်လေ့ရှိကြပါတယ်။ အချို့ ကတော့
ရုံးတက်လက်မှတ်ထိုးပြီးမှ မင်္ဂလာဆွမ်းကျွေးကြသလို အချို့ ကတော့
ဟိုတယ်မင်္ဂလာ အခမ်းအနားကို ပြုလုပ်လေ့ရှိကြပါတယ်။ နှစ်ဖက်သော မိဘများနှင့်
အရင်နှီးဆုံး မိတ်ဆွေများကို သက်သေအဖြစ် ထားရှိပြီး တရားသူကြီး ရှေ့ မှောက်တွင်
တရားဝင် အကြင်လင်မယားအဖြစ် လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်ပါတယ်။
|