ဟန်နီးမွန်းခရီးလိုႚ ခေါ်သလို တချို့ ကည်း ပျားရည်ဆမ်းခရီးလို့ ခေါ်ကြပါတယ်။ လပ်ထပ်ပြီးကာစ ကြင်စဦး ဇနီးမောင်နှံတို့ စိတ်ချမ်းသာ လက်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ အမှတ်တရ အပျော်ခရီးထွက်ခြင်း ဖြစ်ပါတယ်။ မင်္ဂလာဆောင်စဉ်က ပင်ပန်းခဲ့ရသမျှတွေကို ခရီးသွားပြီး ဖြေဖျောက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ကြင်စဦး ဇနီးမောင်နှံတို့ရဲ့  အချစ်တွေဟာ ပျားရည်ကဲ့သို့ ချိုမြပြီး ပြည့်ဝန်းနေသော လကဲ့သို့ ပြည့်ပြည့်ဝဝ ရှိလှပါတယ်။ ဒါကြောင့်မို့လည်း ဟန်းနီးမွန်းလို့ ခေါ်တယ်လို့ အဆိုရှိခဲ့ပါတယ်။
ကြည်ကြည်နူးနူး ဖြစ်ဖို့ပဲဖြစ်ဖြစ်၊ အမှတ်တရ ဖြစ်ဖို့ပဲဖြစ်ဖြစ် ကိုယ်ရွေးချယ်တဲ့ နေရာဟာ စိတ်လက် သက်တောင့်သက်သာ ရှိဖို့တော့ လိုအပ်လှပါတယ်။ ကဲ ကြည်နူးဖွယ်ရာ ပျားရည်ဆမ်းခရီးလေး ဘယ်ကို ထွက်မလဲ စဉ်းစားကြည့်ရအောင်။ ချောင်းသာ၊ ငပလီ၊ ငွေဆောင်၊ တောင်ကြီး၊ ပြင်ဦးလွင်၊ မောင်းမကန် အင်း........ဘယ်ကိုသွားရင်ကောင်းမလဲ။
ချောင်းသာကမ်းခြေ ငွေဆောင်ကမ်းခြေ ငပလီကမ်းခြေ
See In Brief »
» Honeymoon & Travel
Click here to find your perfect honeymoon & travel destination!