![]() |
| ဆရာဇေယျာမိုး (ဝေဒဗိမာန်) (ခေါ်) ဆရာမင်းခေါင် (မော်ကျွန်း) ဇောတိသဝေဒနက္ခတ္တပညာရှင် |
| အိမ်ထောင်ရေးရာ သိမှတ်စရာ |
| အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်လိုမှထင်မှတ်မထားတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ ဘဝတစ်သက်တာလုံး လက်တွဲပေါင်းဖော် နေထိုင်ကြရခြင်း ဖြစ်ပေတယ်။ အဆိုပါ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ သွေးသားတော်စပ်ခြင်းမရှိဘဲ တစ်ဦးနဲ့တစ်ဦး အနစ်နာခံ ကူညီစောင့်ရှောက်ကာ အေးအတူပူအမျှ နေထိုင်ဖို့ဆိုသည်မှာ လွယ်ကူသော ကိစ္စရပ်တော့ မဟုတ်ချေ။ ဘဝတစ်လျှောက်လုံး အဆင်ပြေပြေနှင့် သာသာယာယာ နေထိုင်သွားဖို့ ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး နားလည်မှု အထူးရှိရပေလိမ့်မည်။ |
| အိမ်ထောင်သည်များ၏ အိမ်ထောင်ရေး အဆင်မပြေမှုများကို လေ့လာသုံးသပ်ကြည့်မိသောအခါ (၁) ငွေရေးကြေးရေး အဆင်မပြေခြင်း (၂) စိတ်သဘောခြင်း မတိုက်ဆိုင်ကြခြင်း (၃) ကာမဂုဏ်ကိစ္စများတွင် အဆင်မပြေခြင်း (၄) မိသားစုအသိုင်းအဝိုင်း၊ ဆွေမျိုးများ ဝင်ရောက်စွက်ဖက်ခြင်း (၅) သံသယစိတ်များခြင်း (၆) ဂုဏ်သိက္ခာနှင့်မာနများ ပြိုင်ဆိုင်ကြခြင်း (၇) နယ်မြေဒေသ လုကြခြင်း (၈) အိမ်ထောင်ရေး ဘဝ၏ ပျော်ရွှင်မှုကို မရကြခြင်း (၉) အသက်တိုခြင်း (၁၀) ငယ်ရွယ်စဉ်က အမှားများက ပါဝင်ပတ်သက်လာခြင်း အစရှိသဖြင့် အကြောင်းတရားများအပေါ်တွင် မူတည်ပေသည်။ |
|
နက္ခတ်ဗေဒင်ပညာရပ်တွင် အိမ်ထောင်ရေး အဆင်ပြေစေရန် (၁) မယူခင်တည်းက သင့်တော်၏၊ မသင့်တော်၏ ဟူ၍ ဇာတာတိုက်ဆိုင်စစ်ဆေးခြင်း (၂) မင်္ဂလာအခါကောင်း ရွေးချယ်ကာ လက်ထပ်ထိမ်းမြားခြင်း တို့ဖြစ်ပေသည်။ |
|
(၁)မယူခင်ကတည်းက သင့်တော်၏၊ မသင့်တော်၏ဟူ၍ ဇာတာတိုင်ဆိုင် စစ်ဆေးခြင်းကဏ္ဍ ဇာတာတိုက်ဆိုင်စစ်ဆေးရာတွင် (က) သတို့သမီး၏ အသက်ကိုစစ်ဆေးခြင်း (ခ) မုဆိုးဖို၊ မုဆိုးမဇာတာများဟုတ်၊ မဟုတ်စစ်ဆေးခြင်း (ဂ) ဇေဌလွတ်အောင် စစ်ဆေးခြင်း (ဃ) ခိုက်ခြင်းရှိ၊ မရှိစစ်ဆေးခြင်း (င) သတို့သား၊ သတို့သမီးသင့်မသင့် စစ်ဆေးခြင်း |
|
(၂) မင်္ဂလာ အခါကောင်းရွေးချယ်ကာ လက်ထပ်ထိမ်းမြားခြင်းကဏ္ဍ မင်္ဂလာအခါကောင်းရွေးရာတွင် (က) ထိမ်းမြားရန် ကောင်းသောလ (ခ) ထိမ်းမြားရန် ကောင်းသောနေ့ (ဂ) ထိမ်းမြားရန် ကောင်းသောတိထီ (ဃ) ထိမ်းမြားရန် ကောင်းသော စန်းယှဉ်နက္ခတ် (င) မူလဇာတာနှင့် ကောဇာဂြိုလ်တို့၏ အနေအထားများ အစရှိသဖြင့် သုံးသပ်ဝေဖန်ကြလေသည်။ |
| မိမိ၏ မူလဇာတာပါ အိမ်ထောင်ရေး ဒုက္ခများကို မိမိအားကောင်းကျိုးပေးမည့် ကောင်းကင်ရှိ ကောဇာဂြိုလ်များ ရပ်တည်နေမှုအပေါ် အသုံးချကာ မင်္ဂလာအခါကောင်း ရွေးချယ်ကြခြင်း ဖြစ်ပေသည်။ အထက်ပါအတိုင်း စနစ်တကျ သုံးသပ်ဝေဖန်ကြပါမှ အဆင်ပြေကောင်းမွန်သော အိမ်ထောင်ဖက်ကောင်းကိုရကာ အိမ်ထောင်ရေးသုခ ရနိုင်ပေသည်။ |
| ဆရာကြီး ခရစ်သျှနာမူရတိ၏ ကေပီနက္ခတ်ခွဲ စနစ်အရ (၇)တန့် သန္ဓိဘုတ္တိနက္ခတ်သခင်သည် (က) (၂) တန့်၊ (၇)တန့်၊ (၁၀) တန့်က ဇာတ်ဆောင်ဖြစ်ခဲ့သော် သေချာပေါက် အိမ်ထောင်ကျမည်။ (ခ) (၁)တန့်၊ (၆)တန့်၊ (၁၂)တန့်က ဇာတ်ဆောင်ဖြစ်ခဲ့သော် အိမ်ထောင်မကျမည်ကို ပြဆိုနေပေသည်။ |
|
ဒုတိယအိမ်ထောင်ကျမကျဆိုသည်ကို (က)(၇)တန့် သန္ဓိဘုတ္တိနက္ခတ်သခင်သည် ဗုဒ္ဓဟူးဖြစ်ခြင်း၊ ဒွေးဒေဟရာသီများဖြစ်သော မေထုန်ရာသီ၊ ကန်ရာသီ၊ ဓနုရာသီနှင့် မိန်ရာသီများတွင် ရပ်တည်နေခြင်း၊ ၎င်းဒွေးဒေဟရာသီပိုင်ရှင် ဂြိုလ်များ(သို့) ဒွေးဒေဟရာသီတွင် ရပ်တည်နေသော ဂြိုလ်များပိုင်သော နက္ခတ်အပေါ်တွင် ရပ်တည်နေခြင်း၊ (က)(၇)တန့် သန္တိဘုတ္တိ နက္ခတ်သခင်သည် (၂)တန့်၊ (၁၁)တန့် ဇာတ်ဆောင် ဖြစ်နေခြင်း စသည့်အချက်နှစ်ချင်နှင့် ပြည့်စုံပါက သေချာပေါက် ဒုတိယအိမ်ထောင် ကျမည်ဟု ဆိုပေသည်။ |
| ဤနေရာတွင် နက္ခတ်ဗေဒင်ပညာရပ်အရ စစ်ဆေးဆုံးဖြတ်ရာတွင် လက်ထပ်ထိမ်းမြားမည့် သတို့သား၊ သတို့သမီးတို့၏ မှန်ကန်တိကျသော မွေးချိန်ကို အခြေခံကာဖွဲ့ရန် မှန်ကန်သော ဇာတာတစ်စောင်ရှိရန် လိုအပ်ပေသည်။ |
| မြန်မာ့ရိုးရာ ဗေဒင်ပညာရပ်တွင် ဓမ္မာ သောက အင်းဝ ရာဇာ အိမ်ထောင်ဖက် အသက်မရှည်ရာဟူသော အဆိုအမိန့်တစ်ခု ရှိပေသည်။ ကျွနှုပ်၏ အတွေ့အကြုံအရ စနေသားနှင့် ကြာသပတေးသမီး၊ သောကြာသားနှင့် တနင်္လာသမီး၊ တနင်္ဂနွေသားနှင့် ဗုဒ္ဓဟူးသမီး၊ ရာဟုသားနှင့် အင်္ဂါသမီးတို့ဖြစ်မှသာ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ရသည်ကို တွေ့ရလေသည်။ |
| အိမ်ထောင်ဖက်မှန်ရွေးချယ်နည်း » |