 |
| ဆရာဦးမင်းအောင် |
| လောကီမင်္ဂလာ ၁၂ ဖြာအနက် အာဝါဟ၊ ဝိဟာရ၊ ဓရမင်္ဂလာ ပြုကြတော့မည့် မောင်မယ်တို့အတွက် အကြံပြုချက်လေးတွေ ဖော်ပြပါမယ်။ |
|
တစ်မိသားနဲ့ တစ်မိသား လက်ထပ်ထိမ်းမြားကြပြီး ဘဝတစ်ခု တည်ဆောက်မှုဆိုတာ ပေါ့တန်စွာ မပြုသင့်တာကတော့ ဧကန်ပါ။ အခြေခံဟာ အချစ်လို့ ဆိုရမှာ ဖြစ်သော်လည်း ဘဝခရီးထဲမှာ နှစ်ယောက်လက်တွဲကာ လျှောက်လှမ်းကြတော့မှာ ဖြစ်တဲ့အတွက် လိုအပ်ချက်များစွာ ရှိနေပါတယ်။ သိထားသင့်တာသိထား၊ ညှိထားသင့်တာ ညှိထား၊ တစ်ယောက်သဘောထားကို တစ်ယောက်က နားလည် မှားတယ်ဆို ခွင့်လွတ်၊ ဒုက္ခကို အတူတူရင်ဆိုင် သုခကို အတူတူစံနိုင်မှ ဘဝတစ်လျှောက်လက်တွဲလို့ ခရီးပေါက်မှာပေါ့။
|
|
ဆရာတို့ရဲ့  ရှေးရိုးစဉ်ရှေးမြန်မာတို့ရဲ့  တော်ဝင်နန်းသုံး နက္ခတ္တဗေဒပညာမှာ ဒီလိုမင်္ဂလာရက်မြတ်အခါတွေ စိစစ်တွက်ချက် အကြံပေးခဲ့ကြပါတယ်။ ယခု မင်္ဂလာမောင်မယ်တို့အတွက် လက်ထပ်ထိမ်းမြားမှုအတွက် ဂရုပြုသင့်တဲ့ အချက်များ ဖော်ပြထားပါတယ်။
|
|
မောင်တို့မယ်တို့ ကိုယ့်ဘဝလက်တွဲဖော်ရဲ့  ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ဓာတ်နဲ့ စာရိတ္တ၊ မျိုးရိုးဗီဇ၊ လိင်မှုရေးရာသဘာဝ၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေတွေ လေ့လာပြီးကြပြီးလား။ သာတူညီမျှ တန်းတူရည်တူ အခွင့်အရေး ယူနိုင်ကြပြီး ဘုရားသွားကျောင်းတက် အတူတူ၊ လုပ်ငန်းများမှာလည်း မောင်တစ်ထမ်းမယ်တစ်ရွက် စိတ်တူကိုယ်တူ ကြည်ကြည်ဖြူဖြူ လက်တွဲနိုင်တဲ့သူလို့ ယုံကြည်လောက်ပါသလား။ အချစ်ဝင်လို့ အပြစ်မမြင်တာမျိုးများလား။ စဉ်းစားဖို့ လိုပါတယ်။
|
|
ထိမ်းမြားမင်္ဂလာ အမှုမှာ အချိန်ကောင်း အခါမွန် ရွေးချယ်တာတွေ သတို့သားနှင့် သတို့သမီး ဇာတာများကို တိုက်ဆိုင် စစ်ဆေးတာတွေဟာ အပိုသက်သက် အချိန်ကုန်ခံ ပြုလုပ်တာမဟုတ်ဘဲ ရည်ရွယ်ချက်များ ရှိပါတယ်။
|
|
ဒိနုကုဋခေါ်တဲ့ သတို့သား၊ သတို့သမီးတို့ စန်းယှဉ်နက္ခတ်ချင်း သင့်မသင့်စိစစ်တာဟာ
အကြောင်းမတိုက်ဆိုင် မကောင်းနိုင်လို့ မာနချင်း ပြိုင်ကွဲကွာစေနိုင်တာ ရှိမရှိသိနိုင်ဖို့ အတွက်ပါ။
|
|
ဂဏကုဋ ဆိုတဲ့ နတ်၊လူ၊ဘီလူး ခွဲခြားမှုကလည်း စိတ်နေစိတ်ထား ဝါသနာနဲ့ အကျင့်စရိုက် ကွဲပြားခြားနားမှုကို ဖော်ထုတ်စိစစ်ရပါတယ်။
|
|
မဟိန္ဒရကုဋ သင့်မြတ်တယ်ဆို စည်းစိမ်ဥစ္စာတိုးပွားမှု၊ အသက်ရှည်မှုကို စစ်ဆေးကြည့်တဲ့နည်း ဖြစ်ပါတယ်။
|
|
ယောနိကုဋ စစ်ဆေးကြတဲ့ ရည်ရွယ်ချက်ကတော့ ဇနီးမောင်နှံတို့ကြား ကာမဂုစ်ဆန္ဒ ရမ္မက်အာသာ အဆင်ပြေမှု ရှိမရှိ သိရဖို့ပါ။ မကိုက်ညီကြ စရိုက်မညီမျှခဲ့သော် သစ္စာဖောက်ပြား နောက်ဆက်တွဲများ ရှိလာတတ်ပါတယ်။
|
|
ရာသီကုဋ စိစစ်ကြတာကတော့ သားသမီးများနှင့် ကျန်းမာချမ်းသာ ပျော်ရွှင်သုခရမရကို ရှာဖွေကြတာ ဖြစ်ပါတယ်။
|
|
ဂြဟမိတ္တကုဋ စစ်ဆေးရတာကတော့ တူညီမျှတ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ကြင်နာမှုကို ပြပါတယ်။
|
|
ဗျာသကုဋကတော့ ဇနီးမောင်နှံကြား ဆွဲဆောင်မှု ပြောဆိုဆုံးမလွယ်မှု၊ တစ်ဦးကို တစ်ဦး အလိုလိုက် အကြိုက်ဆောင်မှု ရှိမရှိ စစ်ဆေးကြည့်ရပါတယ်။
|
|
ရဇ္ဖုကုဋ စစ်ဆေးရတာက သံယောဇဉ်ကြိုး၊ ချစ်မေတ္တာကြိုး ဖွဲ့နှောင်ခိုင်မြဲမှု ရှိမရှိသိရပါတယ်။
|
|
ဝေဇကုဋ စိစစ်မှသာ နှစ်ဦးတစ်ဘဝမှာ အနှောင့်အယှက်အတားအဆီး ရှိမရှိသိရပါတယ်။
|
|
ဝါနကုဋဖော်ပြတာက တစ်ကိုယ်ကောင်းစိတ် ရှိမရှိ စိစစ်ရတာပါပဲ။
|
|
နဒီကုဋ အလွန်အရေးကြီးလှပါတယ်။ ကမ္မဇီဝအပိုင်း မည်မျှသင့်တင့်မည်။ မည်မျှသဘောထား ကွဲလွဲမည်ကို ရှာဖွေကြည့်ရတာ ဖြစ်ပါတယ်။ ဒီအချက်တွေ အပါအ၀င် မုဆိုးဖို၊ မုဆိုးမ ဇာတာပါမပါ အသေးစိတ် စိစစ်လေ့လာပြီးပါမှ ထိမ်းမြားမင်္ဂလာ အချိန်ကောင်း အခါမွန်ကို ဝေဖန် စိစစ်ပေးရပါတယ်။
|
|
ဘာရာဗလ နက္ခတ်၏ ကောင်းခြင်း၊ ပဉ္စင်္ဂသုဒ္ဓိ၊ တီထိ၊ ဝါရ၊ နက္ခတ်၊ ယောဂ နှင့် ကရိုဏ်များကို ကောင်းမွန်အောင် အလေးထား ရွေးချယ်သင့်ပါတယ်။ ဒီအချက်တွေ မရွေးချယ်ခဲ့မိသော် ဘာဖြစ်မှာလည်း စောဒက အမှုမပြုကြပါနဲ့နော်။ သဗ္ဗေသတ္တာ ကမ္မသကာပါပဲ။ မောင်တို့မယ်တို့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ရတယ်ဆို ဘဝသုခပြည့်စုံ ရနိုင်သလို ကံမကောင်းတဲ့ အိမ်ထောင်ရေး ရရှိခဲ့တယ်ဆို ဘဝကို ရှုမြင်တဲ့နေရာ ဒဿနပညာတွေ တိုးလာမှာပါ။
|
|
အခါကောင်းရင်တစ်သက်ဆိုတဲ့ စကားအတိုင်း အခါကောင်းကို လိုတယ်ဆိုရင်တော့ နီးစပ်ရာ တတ်သိနားလည်သော ပညာရှိထံမှာ ဆွေးနွေးပါလို့ အကြံပြုပါရစေ။
|
|
၂၀၀၉ ခုနှစ် စေ့စပ်၊ လက်ထပ်၊ ထိမ်းမြားမင်္ဂလာပြုသင့်သော ရက်မြတ်များ။
|
| October | ၁၄၊ ၁၉၊ ၃၀။ |
| November | ၈၊ ၁၃၊ ၁၈၊ ၂၃။ |
| December | ၇၊ ၁၇၊ ၂၂၊ ၂၀။ |
|
|
၂၀၁၀ ခုနှစ် စေစပ့်၊ လက်ထပ်၊ ထိမ်းမြားမင်္ဂလာပြုသင့်သော ရက်မြတ်များ။
|
| January | ၂၊ ၉၊ ၁၆၊ ၂၂။ |
| February | ၄၊ ၉၊ ၁၅၊ ၂၀၊ ၂၅။ |
| March | ၁၊ ၁၁၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁။ |
| April | ၅၊ ၂၅၊ ၂၉။ |
| May | ၄၊ ၁၀၊ ၁၅၊ ၁၉၊ ၂၅။ |
| June | ၃၊ ၈၊ ၁၃၊ ၂၇။ |
| July | ၈၊ ၂၂။ |
| August | - |
| September | - |
| October | ၂၉။ |
| November | ၂၊ ၇၊ ၁၂၊ ၂၂။ |
| December | ၂၊ ၁၂၊ ၁၇၊ ၂၂၊ ၃၁။ |
|
| close |