![]() |
|
| ဆရာလူဝင်းအောင် ကြိုတင်ဟောကိန်း | |
| ချစ်သူရွေးမယ် ချစ်ဝဲလည် | |
| (၇)ရက်သားသမီးများ ဖြစ်ကြတဲ့ ညီငယ်၊ ညီမငယ်များနဲ့ အိမ်ထောင်မရှိသေးပဲ လွတ်လပ်နေကြသူ အပျိုကြီး၊ လူပျိုကြီးများ လက်တွဲဖော်ချစ်သူ အိမ်ထောင်ဖက်တွေ ရှာကြမယ်ဆိုရင် ဘယ်လို ရှာသင့်သလဲဆိုတာ သိထားစေဖို့အတွက် တင်ပြပေးလိုက်ပါတယ်။ ရရှိထားပြီးတဲ့ ချစ်သူနဲ့လည်း အိမ်ထောင်ရေး တည်ထောင်ရင် ဘယ်လိုအခြေအနေ ဖြစ်နိုင်မလဲ ဆိုတာလည်း သိသွားနိုင်ပါလိမ့်မယ်။ | |
|
ဒီနည်းစနစ်နဲ့တော့ ... မွေးရက်ဂဏန်း (Psychic Number) အရ သင့်မြတ်မှု ရှိမရှိ
ကြည့်ရမယ့် နည်းစနစ်ပါပဲ.. ။ သင်ဟာ ... ဘယ်လတွေမှာပဲဖြစ်ဖြစ်... |
|
| ၁ရက်။ ၁၀ရက်။ ၁၉ရက်။ ၂၈ရက်တွေမှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၁ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၂ရက်။ ၁၁ရက်။ ၂၀ရက်။ ၂၉ရက်တွေမှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၂ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၃ရက်။ ၁၂ရက်။ ၂၁ရက်။ ၃၀ရက်တွေမှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၃ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၄ရက်။ ၁၃ရက်။ ၂၂ရက်။ ၃၁ရက်တွေမှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၄ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၅ရက်။ ၁၄ရက်။ ၂၃ရက်မှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၅ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၆ရက်။ ၁၅ရက်။ ၂၄ရက်မှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၆ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၇ရက်။ ၁၆ရက်။ ၂၅ရက်မှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၇ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၈ရက်။ ၁၇ရက်။ ၂၆ရက်မှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၈ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| ၉ရက်။ ၁၈ရက်။ ၂၇ရက်မှာ မွေးသူဖြစ်ရင် မွေးဂဏန်း ၉ ပိုင်ရှင် ဖြစ်ပါတယ်။ | |
| အဲဒီလို...ကိုယ့်ရဲ့  မွေးဂဏန်း (Psychic Number) ကို သိပြီဆိုရင် ကိုယ်နဲ့ လိုက်ဖက်မဲ့ အိမ်ထောင်ဖက် ဂဏန်းတွေကို ရှာဖွေရွေးချယ်လို့ ရပါပြီ။ | |
| သင်ဟာ ... မွေးဂဏန်း ၁ ပိုင်ရှင်ဖြစ်မယ်ဆိုရင် မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ တစ်ယောက်နဲ့ တစ်ယောက် တည့်နေကြပေမဲ့ သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေ။ ရန်လဲမဖြစ်။ အကူအညီလဲ မရနဲ့ ငြိမ်သက်တိတ်ဆိတ် နေပါလိမ့်မယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခမပေးတတ်ဘူး။ ဒါပေမဲ့ ပျင်းစရာတော့ကောင်းမယ်။ | |
| ၂ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။တစ်ယောက်အပူ၊ တစ်ယောက်က အအေးသမားဖြစ်တာမို့၊ အယူအဆချင်း။ ဝါဒချင်း အမြဲ ပြိုင်ဆိုင်နေသူဖြစ်မယ်။ ဘာကိစ္စပဲဖြစ်ဖြစ် အလွယ်တကူ ညှိနှိုင်း၍မရ ဖြစ်နေမယ်။ ဒါပေမယ့် ၁ ဂဏန်းသမားတွေအတွက် ၂ ဂဏန်းသမားတွေဆီက အချစ်စစ်နဲ့ မြတ်နိုးမှုကို အမြဲတစေ ရရှိနေပါမယ်။ ၁ ဂဏန်းရဲ့  အရည်အသွေးကို တိုးတက်ပြောင်မြောက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ | |
| ၃ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ကိုအမြဲတမ်း ဆရာလုပ်တာ ခံရလိမ့်မယ်။ ကိုယ့်ရဲ့  အလုပ်အကိုင်တွေမှာ အကြံပေးနိုင်မယ့် သူလည်းဖြစ်တယ်။ သူ့ရဲ့  အကြံဥာဏ်ကြောင့် လုပ်ငန်းစီးပွားတွေ တိုးတက်လာနိုင်တယ်။ သူနဲ့ကိုယ်နဲ့ ပညာချင်းအတူတူ အရည်အချင်း အတူတူဖြစ်နေရင် အပြန်အလှန် အကြံပေးဆွေးနွေးနိုင်ပြီး အရာရာ အောင်မြင်နိုင်မယ်။ စည်းကမ်းကိုင်ချက်လည်း အလွန်များတတ်ပါတယ်။ | |
| ၄ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အမြဲတမ်း အတိုက်အခံ ရန်တွေ ဖြစ်နေပါမယ်။ ၁ ဂဏန်းနဲ့ မတည့်တဲ့ ရန်ဂဏန်းဖြစ်လို့ အိမ်ထောင်ဖက်အနေနဲ့ မရွေးချယ်သင့်ပါဘူး။ | |
| ၅ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ မိမိကို အမြဲတမ်း ဆန့်ကျင်ဘက် လုပ်နေပါမယ်။ ကိစ္စအတော်များများကို သူကအမြဲ ငြင်းဆန်နေတတ်တယ်။ မတည်ငြိမ်တတ်သူလည်း ဖြစ်မယ်။ ဒါပေမယ့် သူဟာဘာသာရေးကို အလွန်ယုံကြည်တတ်သူလည်း ဖြစ်မယ်။ သူစိတ်လိုရင် ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ဖြစ် လုပ်ပေးဖို့ ဝန်မလေးပါဘူး။ | |
| ၆ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အများအားဖြင့် ကိုယ့်အပေါ်ကို နားမလည်တတ်တဲ့ သူမျိုးဖြစ်နေလိမ့်မယ်။ သူ့ဟာနဲ့သူ အေးအေးဆေးဆေးနေတတ်ပြီး မိမိမှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေ လိုအပ်နေလဲဆိုတာ နားလည်နိုင်စွမ်း မရှိတတ်ဘူး။ ဒါကို ပြဿနာ မရှာတတ်သူ ဆိုရင်တော့ ရေခဲတုံးကို ရထားသလိုဘဲ ဖြစ်ပါမယ်။ | |
| ၇ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ အိမ်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။ သူ့ကြောင့် အလုပ်ကိစ္စ အတော်များများမှာ အလိုလို ကံကောင်းစေတတ်တဲ့ နံပါတ်ဖြစ်လို့ပဲ။ ၇ ဂဏန်းဟာ ကံကောင်းစေတတ်တဲ့ နံပါတ်ဖြစ်လို့ပဲ။ အချစ်ရဲ့  အဓိပ္ပာယ်ကို ဖော်ဆောင်ပေးနိုင်တဲ့ သူပါပဲ။ သူ့ရဲ့  လွတ်လပ်ပျော်ရွှင်စွာ နေတတ်တာကို မကြိုက်တဲ့သူ ဆိုရင်တော့ စိတ်ညစ်ရမယ်။ သူ့ကိုလည်း ထောက်ပြ ညွှန်ကြားလို့မရ၊ လက်မခံတတ်ပါဘူး။ | |
| ၈ ဂဏန်းဖြစ်သူကို ရွှေးချယ်ထားမယ်ဆိုရင်။ ။ သူ့ကို စည်းကမ်း ဥပဒေတွေနဲ့ သွားပြီးမဆက်ဆံပါနဲ့၊ လုံးဝ မကြိုက်တတ်ဘူး။ စည်းကမ်းကိုင်ရင် ပိုပြီး ချိုးဖောက်ချင်သူ ဖြစ်မယ်။ ဒါပေမယ့် ၁ ဂဏန်းသမားကို အလွန်ပဲ ဆွဲဆောင်မှု ရှိစေသူ ဖြစ်နေလိမ့်မယ်။ | |
| ၉ ဂဏန်းဖြစ်သူကိုရွှေးချယ်ထားမယ်ဆိုရင်။ ။ အင်မတန် လိုက်ဖက်ညီတဲ့ စုံတွဲပဲ ဖြစ်ပါမယ်။ ၉ ဂဏန်းသမားက ၁ ဂဏန်းသမားကို အမြဲတစေ မြှင့်တင်ပေးနေတတ်သည်။ ဒီနှစ်ယောက် တွဲရင်တော့ အရာရာမှာ အောင်မြင်ပြည့်စုံမှာပဲ ဖြစ်ပါတယ်။ | |
| သင်ဟာ ... မွေးဂဏန်း ၂ ပိုင်ရှင်ဖြစ်မယ်ဆိုရင် မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ သူဟာ အမြဲတစေ အကာကွယ် ပေးနေပါလိမ့်မယ်။ အရေးအကြောင်း ဖြစ်လာရင် အားကိုးစရာကောင်းတဲ့ သူပါပဲ။ ခက်တာက သူနဲ့ကိုယ်နဲ့က မကြာခဏ ဆန့်ကျင်ဖက် ဖြစ်နေတယ်။ | |
| ၂ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ ရေရှည်မှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရာမှာ ငြိမ်သက်နေတဲ့ ကန်ရေပြင်လို ဖြစ်နေလိမ့်မယ်။ အေးစက်စက်အချစ်၊ အေးစက်စက် အိမ်ထောင်ရေးလို့ ကြာလာရင် ပြန်ကွဲသွားတတ်တယ်။ | |
| ၃ ဂဏန်းဖြစ်သူကို ရွှေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်က စိတ်အပြောင်းအလဲ မြန်ဆန်ပြီး သူကတော့ နည်းလမ်းစနစ်အတိုင်း မှန်မှန်သွားတတ်လို့ စိတ်တိုင်းမကျ ဖြစ်နေတတ်တယ်။ ဒါပေမယ့် ကိုယ့်မှာ အခက်အခဲဖြစ်လာရင် ကူညီဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး အဖော်မွန်ပါပဲ။ | |
| ၄ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အလွန်သင့်မြတ်တဲ့ ချစ်သူအိမ်ထောင်ဖက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစုံတွဲဟာ အိမ်ထောင်သက်တမ်း ပထမပိုင်းမှာ အခက်အခဲ အမျိုးမျိုး တွေ့ဆုံဖြတ်ကျော် ရတတ်တယ်။ နောက်ပိုင်းမှာတော့ အလွန်အဆင်ပြေ ပြည့်စုံချမ်းသာ လာပါမယ်။ | |
| ၅ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အိမ်ထောင်ရေးကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ အမြဲတမ်း ပြဿနာ တက်နေတတ်တဲ့ အတွဲပဲ ဖြစ်ပါတယ်။ သူ့ဖက်ကိုယ့်ဖက် ဆွေမျိုးမိဘတွေရဲ့  ပြဿနာတွေလည်း ဖြေရှင်းနေရတတ်တယ်။ အိမ်ထောင်သက်တမ်း ၄နှစ်၅နှစ်ပဲ အများဆုံး ရှိတတ်တယ်။ | |
| ၆ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အရာရာကံကောင်းစေတဲ့ သူပဲဖြစ်ပါတယ်။ ပျော်ရွှင် ချမ်းမြေ့မှုတွေကိုလည်း ရရှိနိုင်ပါမယ်။ ဒါပေမယ့် ၆ ဂဏန်းသမားဟာ လုပ်ငန်းမှာ အောင်မြင် ကျော်ကြား နာမည်ကြီးလာရင်တော့ ၂ ဂဏန်းပိုင်ရှင်ဟာ စိတ်ညစ်ရတတ်ပါတယ်။ | |
| ၇ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ကိုအမြဲတမ်း ဆရာလုပ်နေတဲ့ သူပဲဖြစ်လိမ့်မယ်။ အမြဲတစေ ကိုယ်ဟာ သူ့တပည့် ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် တိုးတက် ကြီးပွားလိမ့်မယ်။ | |
| ၈ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ တစ်ယောက်နှင့်တစ်ယောက် တာဝန်ကျေအောင် နေထိုင်ကြမယ့်စုံတွဲပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ပျော်ရွှင်နွေးထွေးမှုတွေ ကင်းရှင်းနေတတ်တယ်။ | |
| ၉ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ သူကလည်းကိုယ့်ကို အကျိုးပြု၊ ကိုယ်ကလည်း သူ့ကို အကျိုးပြုနိုင်ကြပြီး နှစ်ယောက် ပိုင်းလိုက်ရင် ထိပ်ဆုံးရောက်အောင် ပြည့်စုံကြွယ်ဝနိုင်မဲ့ အတွဲပဲ ဖြစ်ပါတယ်။ | |
| သင်ဟာ ... မွေးဂဏန်း ၃ ပိုင်ရှင် ဖြစ်မယ်ဆိုရင်
မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်ရောသူရော နှစ်ယောက်စလုံးဟာ ရည်ရွယ်ချက် ကြီးမားသူတွေကြီးပဲ ဖြစ်လို့ တိုးတက် အောင်မြင်မှုတွေကိုပဲ လုပ်နေကြလိမ့်မယ်။ ၁ ဂဏန်းသမားတွေဟာ ကိုယ့်ရဲ့  စကားကိုလည်း နားထောင်လိမ့်မယ်။ တိုးတက်မဲ့အတွဲပဲ ဖြစ်ပါတယ်။ | |
| ၂ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ၂ ဂဏန်းရဲ့  အပြောင်းအလဲ မြန်တတ်တဲ့စိတ်ကို ချိန်ဆညှိနှိုင်း ပေးနိုင်ရမယ်။ ၂ ဂဏန်း ပိုင်ရှင်ကလည်း ၃ ဂဏန်းရဲ့  စကားကို နားထောင်မယ်ဆိုရင် အင်မတန် လိုက်ဖက်ညီပြီး တိုးတက်ပြည့်စုံမှုကို ရရှိနိုင်ပါတယ်။ | |
| ၃ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ အလုပ်ကို ကြိုးစားတတ်သူချင်းမို့ တွဲဖက်သင့်တဲ့ စုံတွဲပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ထိန်းပေးနိုင်ပါမယ်။ ကြာလေကောင်းလေဖြစ်ပြီး အောင်မြင်တိုးတက်မှု ရရှိနိုင်ပါမယ်။ | |
| ၄ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အဆင်မပြေနိုင်တဲ့ အတွဲပဲ ဖြစ်ပါတယ်။ ကိုယ့်ဘာသာ နားလည်မှုပေးနိုင်ပြီး ကိုယ့်အပေါ်ကိုတော့ နားလည်မှု မပေးနိုင်သူ ဖြစ်လိမ့်မယ်။ ၄ ဂဏန်းသမားတွေဟာ စိတ်အပြောင်းအလဲမြန်ပြီး လျှို့ ဝှက်တတ်ပါတယ်။ | |
| ၅ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာ ပျော်ရွှင်အောင် ဖန်တီးဆောင်ရွက် ပေးနိုင်ကြမယ်။ ဒါပေမယ့် ၅ဂဏန်းသမားဟာ အိမ်ထောင်ရေး၊ အချစ်ရေးထက် စီးပွားရေးကို ဦးစားပေးနေတတ်ပါတယ်။ | |
| ၆ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်က စည်းစနစ်နှင့် နေတတ်ပြီး သူကတော့စည်းမရှိ၊ ဘောင်မရှိနေထိုင်ပြောဆိုတတ်လို့ စိတ်ညစ်ရလိမ့်မယ်။ ဒါပေမယ့် ကိုယ်ကသူ့ကို အမြဲအလျော့ပေးနေမိလိမ့်မယ်။ ကိုယ့်ကို ပျော်ရွှင်မှုတွေတော့ ပေးနိုင်ပါတယ်။ | |
| ၇ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ စိတ်တူကိုယ်တူ၊ ဝါသနာတူတွေအဖြစ်ကို ရောက်လာနိုင်ပါမယ်။ အောင်မြင်တိုးတက်မယ့် စုံတွဲပဲ ဖြစ်ပါတယ်။ | |
| ၈ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ဘဝကို ရုန်းကန်ရင်ဆိုင်ပြီး ဖြတ်သန်းရလိမ့်မယ်။ သူကကိုယ့်ကို အကူအညီမပေးနိုင်ဘဲ ကိုယ်ကပဲသူ့ကို အကူအညီ ပေးနေရ တတ်တယ်။ ဒါပေမယ့် ဘဝမှာ ဘယ်လိုခက်ခဲနေပါစေ သူ့မှာ ခံနိုင်ရည် ရှိမယ်။ ရေရှည်မှာ အောင်မြင်တိုးတက် လာနိုင်ပါမယ်။ ဒါပေမယ့် အိမ်ထောင်ရေး ပျော်ရွှင်မှု နည်းနေတတ်တယ်။ | |
| ၉ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ဘယ်လိုအခက်အခဲဖြစ်စေ ဘယ်လိုပြဿနာဖြစ်စေ အတူတူကျော်လွှားရဲတဲ့ သူပဲဖြစ်တယ်။ ပျော်ရွှင်စွာနဲ့ ရေရှည်ခိုင်မြဲ တည်တံ့နိုင်မယ့် အတွဲပဲ ဖြစ်ပါတယ်။ | |
| သင်ဟာ ... မွေးဂဏန်း ၄ ပိုင်ရှင် ဖြစ်မယ်ဆိုရင်
မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အတွက်နေရာတကာမှာ အကူအညီ ရရှိနိုင်မယ့်သူပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့  ကိုယ်စိတ်နှစ်ပါး မှန်ကန်မှုရှိအောင် အမြဲတစေ လိုက်လံထိန်းသိမ်း စောင့်ရှောက်ပေးမယ့် သူပါပဲ။ | |
| ၂ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်က စိတ်မြန်လူမြန် ဖြစ်နေပြီး သူက အေးဆေး သည်းခံတတ်သူဖြစ်လို့ အဆင်မပြေနိုင်ပါ။ သူရဲ့  အေးဆေးတည်ငြိမ်မှုကို အားမလိုအားမရဖြစ်ပြီး လမ်းခွဲရတတ်ပါတယ်။ | |
| ၃ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ သူ့ရဲ့  လူသိများမှု မိတ်ဆွေများမှုတွေကို ကိုယ်က သံသယမဝင်ပဲ နားလည်ခွင့်လွတ်ပေးနိုင်ဖို့ လိုတယ်။ နားလည်မှု မပေးနိုင်ရင်တော့ ရန်တကျက်ကျက် ဖြစ်နေတတ်ပါတယ်။ | |
| ၄ ဂဏန်းပိုင်ရှင် အချင်းချင်း ရွေးလိုက်ရင်။ ။ ကန်ရေပြင်တစ်ခုလိုပဲ ငြိမ်သက်နေတတ်ပြီး ပျော်ရွှင်မှု ကင်းမဲ့စေမဲ့ အတွဲပဲ ဖြစ်ပါတယ်။ ကောင်းကျိုးးမရှိ ဆိုးကျိုးလည်း မရှိတဲ့ အတွဲလို့ ဆိုရပါမယ်။ | |
| ၅ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ လွတ်လပ်မှုနဲ့ အပြောင်းအလဲကို သဘောကျသူဖြစ်ပြီး ကိုယ့်အပေါ် ကလေးအဆင့်လောက်သာ သဘောထားတတ်သူ ဖြစ်မယ်။ ကိုယ်ကလည်းသူ့အတွက် လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘဲ ဖြစ်နေတတ်တယ်။ | |
| ၆ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ငွေကြေး အသုံးအဖြုန်း ကြီးတတ်မယ်။ ကိုယ်ကလည်းငွေ မနှမြောတတ်သူ ဖြစ်မယ်ဆိုရင် ငွေအကြပ်အတည်း မကြာခဏ ဖြစ်နေတတ်တယ်။ ကိုယ်ကစိတ်မြန်လူမြန်ဖြစ်ပြီး သူကနှေးကွေးလေးလံနေမယ်။ မကြာခဏ ခွဲခွာပြီးနေရတတ်တယ်။ | |
| ၇ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ အတူစား၊ အတူလာ၊အတူသွားတတ်ကြပြီး ပျော်ရွှင်ဖွယ်ကောင်းမယ့် အတွဲပဲဖြစ်လိမ့်မယ်။ စိတ်တူကိုယ်တူနဲ့ တိုးတက်ချမ်းသာ နိုင်ပါမယ်။ | |
| ၈ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ အထူး လိုက်ဖက်ညီပါမယ်။ လုပ်ငန်းစီးပွားတွေကို အတူလုပ်နိုင်ရင် အောင်မြင်တိုးတက်လိမ့်မယ်။ တစ်ယောက်နှင့်တစ်ယောက် စွမ်းအားကိုယ်စီနဲ့ ကူညီပေးနိုင်မယ်။ အိမ်ထောင်ပထမပိုင်း အခက်အခဲမျိုးစုံတွေ့ပြီး နောက်ပိုင်းချမ်းသာ အောင်မြင်မှု ရပေလိမ့်မယ်။ | |
| ၉ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်မှာအပေါင်းအသင်း ပုံမှန်လောက်သာ ရှိပြီး သူ့မှာ အပေါင်းအသင်းများနေမယ်။ သူဟာ ကိုယ့်ရဲ့  သံသယစိတ်တွေ နည်းပါးသွားအောင် စွမ်းဆောင်ပေးနိုင်ပြီး အကြံဥာဏ်ကောင်းတွေ အမြဲတမ်း ပေးနိုင်မယ်။ သူ့အကြံဥာဏ်တွေကိုသာ လိုက်နာနိုင်ရင် သိပ်ကောင်းတဲ့ အဖော်မွန် တစ်ယောက်ပါပဲ။ | |
| သင်ဟာ ... မွေးဂဏန်း ၅ ပိုင်ရှင်ဖြစ်မယ်ဆိုရင်
မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အတွက် ကံကောင်းခြင်းနဲ့ ဂုဏ်သိက္ခာ မြင့်မားတိုးတက် ကြီးမြင့်လာစေမှုတွေကို သယ်ဆောင်ပေးနိုင်ပါမယ်။ ကိုယ့်အရည်အချင်းနဲ့ သူ့အရည်အချင်းနဲ့ ပေါင်းစပ်လိုက်ရင် အရာရာမှာအကျိုးအမြတ်တွေ ရနေလိမ့်မယ်။ | |
| ၂ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ အမြဲတမ်း ပြဿနာ တစ်ခုခုကို ဖန်တီးပေးနေပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာတွေ၊ ဒုက္ခတွေ ပေါ်ချိန်ကြရင် စိတ်ပျော်ရွှင်အောင် ဖန်တီးပေးတတ်တယ်။ မိုက်မဲတဲ့ အကြံဥာဏ်တွေကိုလည်း ပေးတတ်တယ်။ | |
| ၃ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ မိမိအတွက် အားကိုးစဖွယ် ဖြစ်နိုင်မဲ့ သူပါပဲ။ သူ့ကြောင့် ကိုယ့်မှာတိုးတက် မြင့်မားလာနိုင်ပါတယ်။ နှစ်ဦးသား ပေါင်းစပ်ပြီး ပျော်ရွှင်မှုတွေကို ဖန်တီးပေးနိုင်လိမ့်မယ်။ စီးပွားရေး ကိစ္စတွေမှာ သူ့ရဲ့  အကြံဥာဏ်ကောင်းတွေ ရနိုင်ပေလိမ့်မယ်။ | |
| ၄ ဂ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ရဲ့  လုပ်ရပ်တွေဟာ သူ့အတွက် ပြဿနာတွေ ဖြစ်နေတတ်တယ်။ ကိုယ် ဘာပဲလုပ်လုပ် အကောင်းမမြင်နိုင်တဲ့သူမို့ ရွေးချယ်ဖို့ မသင့်ပါဘူး။ | |
| ၅ ဂဏန်းပိုင်ရှင် အချင်းချင်း ရွေးလိုက်ရင်။ ။ ဒီဂဏန်း နှစ်ခုပေါင်းစပ်ရင် ကြီးမားတဲ့ အင်အားတွေ ဖြစ်ပေါ်လာစေတတ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ အောင်မြင်တိုးတက်လာနိုင်ပြီး တစ်ယောက်ကို တစ်ယောက် ကူညီမှုတွေ ပေးနိုင်မယ့် အတွဲကောင်းပဲ ဖြစ်ပါတယ်။ | |
| ၆ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်က မြန်ဆန်သွက်လက်သလောက် သူက နှေးကွေးနေတတ်တယ်။ ဒါပေမယ့် ကိုယ်ဟာ သူကြောင့်ဖြည်းဖြည်းနှင့် မှန်မှန်လုပ်တတ်တဲ့ အကျင့်ရသွားပြီး လုပ်ငန်းစီးပွားတွေ အောင်မြင်နိုင်ပါတယ်။ | |
| ၇ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ သူရောကိုယ်ရော နှစ်ယောက်စလုံးဟာ စိတ်ကူးစိတ်သန်း အမျိုးမျိုးကို ကွန့်မြူးတတ်သူတွေ ဖြစ်မယ်။ ကိစ္စအတော်များများကို နှစ်ယောက်ပေါင်း ကြံစည်လုပ်ကိုင်ရင် အောင်မြင်တတ်တယ်။ ခက်တာက အဲ့ဒီအကြံအစည်တွေဟာ ခဏခဏ မှားယွင်းနေတတ်တယ်။ အကြံအစည် မှားပေမဲ့ လက်တွေ့ကျတော့ သိပ်မလုပ်ချင်သူလည်း ဖြစ်တယ်။ မိသားစု ပြဿနာ အမြဲရှိနေမဲ့ စုံတွဲပါပဲ။ | |
| ၈ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ၈ ဂဏန်းဟာ ၅ ဂဏန်းအပေါ် မနာလိုဝန်တိုတတ်တဲ့ သဘောရှိလို့ ရွေးချယ်ထားမယ်ဆိုရင် များစွာသော အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ | |
| ၉ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အတွက် အမြဲတမ်း နွေးထွေးနေစေမဲ့ သူပဲဖြစ်တယ်။ သူ့ဆီက ကြင်နာမှု စောင့်ရှောက်မှုတွေ ရရှိနိုင်မယ်။ သူ့ကြောင့်ငွေကြေးစီးပွားနဲ့ လူမှုအဆင့်အတန်း မြင့်မားလာနိုင်ပါမယ်။ | |
| သင်ဟာ ... မွေးဂဏန်း ၆ ပိုင်ရှင်ဖြစ်မယ်ဆိုရင်
မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ တစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ရေး အချစ်ရေး ကိစ္စတွေမှာ မယုံမကြည် ဖြစ်နေရတတ်တယ်။ အပြင်ပန်းမှာ တစ်ဦးနှင့်တစ်ဦး တာဝန်ကျေအောင် ဆက်ဆံနေထိုင်ကြပေမဲ့ ကြိုတင်စိုးရိမ်တဲ့ စိတ်တွေ ရှိနေတတ်ကြတယ်။ | |
| ၂ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အပေါ်ကို ဘယ်ကိစ္စမှာမှ ဝင်ရှုတ်တတ်သူ မဟုတ်ဘဲ အလွန် အေးအေးဆေးဆေး နေတတ်တယ်။ ဘာမှလည်း ကူဖော်လောင်ဘက် မရတတ်ဘူး။ အရေးကြီးတဲ့ ကိစ္စတွေမှာလည်း သုံးလို့မရဘူး ဖြစ်နေလိမ့်မယ်။ | |
| ၃ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်ညီတဲ့ အတွဲပဲဖြစ်မယ်။ အလိုက်အထိုက်ကို အင်မတန်နားလည်တတ်လို့ သူ့ကြောင့်ကိုယ့်မှာ အခွင့်ကောင်းတွေ အများကြီး ရလာလိမ့်မယ်။ | |
| ၄ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ အတူတကွ ပေါင်းစပ်ပြီး လုပ်ကိုင်တဲ့အခါ သိပ်အဆင်မပြေ ဖြစ်နေတတ်တယ်။ ၄ဂဏန်းသမားဟာ မှောက်လိုက်လှန်လိုက် လုပ်တတ်သူဖြစ်လို့ ကိုယ့်အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ကိုယ့်စကားကိုလည်း နားမထောင်တတ်ပါဘူး။ | |
| ၅ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ကျန်းမာရေးကို အမြဲတစေ ဂရုတစိုက် ဖေးမကူညီပေးတတ်သူ ဖြစ်ပါမယ်။ ဒါပေမဲ့ အခြားနေရာတွေမှာ စိတ်အပြောင်းအလဲ များတတ်လို့ စိတ်တိုင်းမကျ ဖြစ်နေရပေလိမ့်မယ်။ | |
| ၆ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ လင်နဲ့မယား ကိစ္စတွေမှာ အဆင်မပြေ ဖြစ်တတ်တယ်။ မာနချင်းပြိုင်နေလို့ အချင်းချင်းအကူအညီ မရတတ်ပါဘူး။ ဒါပေမဲ့ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်ရာမှာတော့ အလွန်တော်နေတတ်ပါတယ်။ | |
| ၇ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ဖက်က သူ့အတွက် အမြဲတန်း အကူအညီပေးနိုင်သလောက် သူ့ဖက်က အကူအညီ မရနိုင်ဘူးဖြစ်မယ်။ သူဟာရိုးရိုးနဲ့မှန်မှန် နေတတ်မယ်။ ကိုယ့်ရဲ့  စိတ်ရင်းကို နားလည်နိုင်စွမ်း မရှိဘူး။ တစ်ခါတစ်ရံ သူရဲ့  လုပ်ဆောင်ချက်တွေကို ကိုယ်ကမရှင်းမလင်း ဖြစ်နေတတ်တယ်။ | |
| ၈ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ သူဟာ ဆိုရှယ်ကျကျနဲ့ ပေါ့ပေါ့ပါးပါး နေတတ်လိမ့်မယ် ကိုယ်က အဲဒီလို မဟုတ်လို့ စိတ်တိုင်းမကျ ဖြစ်နေတတ်တယ်။ ကိုယ်က အလုပ်လုပ်ရင် မစွန့်စားရဲပေမဲ့ သူကတော့ စွန့်စွန့်စားစား လုပ်ရဲပါတယ်။ သူလုပ်သလို ကိုယ်က လိုက်မလုပ်နိုင်လို့ စိတ်ညစ်ရပါတယ်။ | |
| ၉ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ အင်မတန် သင့်လျော်တဲ့ စုံတွဲပဲ ဖြစ်ပါတယ်။ တစ်ယောက်နှင့်တစ်ယောက် အကျိုးပြိုင်ကြမယ်။ ကိုယ်က ရှေ့ ကသွားရင် သူကကောင်းစွာ လိုက်နိုင်သလို သူကိုယ်တိုင်လည်း ကောင်းကောင်း ရှေ့ ဆောင်ဦးရွက် လုပ်ကိုင်နိုင်ပါမယ်။ ကြီးပွားချမ်းသာမှုကို ရရှိနိုင်ပါမယ်။ | |
| သင်ဟာ ... မွေးဂဏန်း ၇ ပိုင်ရှင်ဖြစ်မယ်ဆိုရင်
မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ကို အခွင့်အရေးကောင်းတွေ အကြံဥာဏ်ကောင်းတွေ ပျော်ရွှင်မှုတွေ အမြဲပေးနိုင်မယ့် သူပါပဲ။ သူ့ကြောင့်ကိုယ့်မှာ အတွေးအခေါ်နဲ့ အကြံကောင်းတွေ ပွင့်လင်းလာနိုင်မယ်။ တိုးတက်အောင်မြင်မှု ရနိုင်ပါမယ်။ | |
| ၂ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ရဲ့  ညွှန်ကြားမှုတွေ တည့်မတ်ပေးမှုတွေကိုသာ လိုက်နာနိုင်မယ်ဆိုရင် ကောင်းသော အိမ်ထောင်ဖက်ပဲ ဖြစ်ပါမယ်။ ဒါပေမဲ့ ၂ဂဏန်းတွေဟာ နားမထောင်ပဲ မကြာခဏ အမှားတွေ လုပ်တတ်တယ်။ | |
| ၃ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ပေါင်းစပ်မယ်ဆိုရင် ကောင်းကျိုးများစွာ ရနိုင်မဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့  ကိစ္စတွေမှာ သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်ရတတ်တယ်။ သူက ရိုးရာဓလေ့ထုံးစံကို လက်ခံတတ်ပြီး ကိုယ်က ရိုးရာဓလေ့ထုံးစံတွေကို တော်လှန်ပြစ်ချင်သူ ဖြစ်နေလိမ့်မယ်။ | |
| ၄ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ကိုကောင်းမွန်စွာ ပြုစုပေးနိုင်တဲ့သူ ဖြစ်တတ်တယ်။ သူ့ရဲ့  ပြုစုမှုတွေကို အများကြီး ရနိုင်ပါမယ်။ သူရောကိုယ်ရော တစ်ဦးကိုတစ်ဦး ပျော်ရွှင်မှု ပေးနိုင်မှာပါ။ ဒါပေမဲ့ သူက အချို့ နေရာတွေမှာ ပုံကြီးချဲ့ တတ်မယ်။ ပြဿနာကို ဖန်တီးတတ်ပါမယ်။ | |
| ၅ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ လက်တွေ့တူညီမှု နည်းနေတတ်တဲ့ သူဖြစ်မယ်။ ပေါင်းစပ်မှု သက်တမ်းကြာလာရင် ဆန့်ကျင်ဘက်တွေ ဖြစ်လာတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုတွေ နည်းလာတတ်တယ်။ | |
| ၆ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်နိုင်မဲ့ အတွဲပါပဲ။ သူ့ဖက်က ပြန်ပြီးရတတ်ပါတယ်။သူ့ကြောင့်ကိုယ့်ရဲ့  အခြေအနေ မြင့်မားတိုးတက်လာပါတယ်။ ၆ ဂဏန်းသမားဟာ အလုပ်ကို ကြိုးစားတတ်သူ ဖြစ်ပါတယ်။ | |
| ၇ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ တစ်ယောက်နဲ့တစ်ယောက် မာန်မာနတွေ ပြိုင်ဆိုင်နေတတ်တယ်။ အမြဲတမ်း ငြင်းခုန်နေပါမယ်။ အထောက်အပံ့ ခံချင်သူချင်းဖြစ်လို့ အဆင်မပြေနိုင်ပါ။ | |
| ၈ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ သူဟာကိုယ့်ကို အမြဲတမ်း အကူအညီ ပေးနေချင်သူပဲ ဖြစ်ပါမယ်။ ကိုယ်က အကူအညီတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ ကူညီဖို့ အဆင်သင့် ဖြစ်နေမယ်။ ဒါပေမဲ့ သူကကိုယ့်ရဲ့  အကူအညီကို ရယူဖို့ မတောင့်တဘူး။ ဂရုမစိုက်ဘူး၊ ကိုယ့်ကိုလည်း အားမကိုးတတ်သူ ဖြစ်မယ်။ | |
| ၉ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ရဲ့  စိတ်ကူးစိတ်သန်းတွေနဲ့ သူရဲ့  လက်တွေ့လုပ်ဆောင်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင် အလွန်ပင် ဖြောင့်ဖြူးသာယာစေလိမ့်မယ်။ ဒါပေမဲ့ သူဟာကိုယ့်ကို အမြဲတမ်း သံသယဝင်နေခြင်းကို ခံရလိမ့်မယ်။ ကိုယ်ဟာ စောင့်ကြည့်ခြင်း ခံနေရသလို ခံစားနေရမယ်။ | |
| သင်ဟာ ... မွေးဂဏန်း ၈ ပိုင်ရှင်ဖြစ်မယ်ဆိုရင် မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အပေါ်ကို ချစ်မြတ်နိုးမှု၊ ပျော်ရွှင်မှုတွေကို ပေးနိုင်မဲ့သူပဲဖြစ်ပါမယ်။ ခက်တာက သူဟာ စိတ်ပိုင်း၊ အတွေးအခေါ်ပိုင်းကို ဦးစားပေးသူဖြစ်ပြီး ကိုယ်က ရုပ်ပိုင်း၊ လက်တွေ့ပိုင်းကို ဦးစားပေးသူမို့ သဘောထားချင်း မတိုက်ဆိုင်တတ်ပါ။ ဒါပေမဲ့ သူ့ကြောင့် ကံကောင်းနေတတ်ပါတယ်။ | |
| ၂ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အပေါ် အကူအညီပေးနိုင်မှု နည်းပါးမဲ့ သူပဲဖြစ်ပါတယ်။ ကိုယ်ကသာ သူ့အပေါ် အမြဲတမ်း အကူအညီ ပေးနေရတတ်တယ်။ ဒါပေမဲ့ ၂ဂဏန်းတွေကြောင့် ကိုယ်ဟာငွေကြေး ရှာဖွေမှု လွယ်ကူတတ်ပါတယ်။ ၂ဂဏန်းတွေဟာ ခတ်ပျော့ပျော့တွေဖြစ်လို့ ကိုယ်က သည်းခံပေးရပါမယ်။ | |
| ၃ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ တရားဓမ္မနဲ့ ရိုးရာဓလေံထုံးစံတွေကို အင်မတန် ဝါသနာပါပြီး လိုက်စားတတ်သူဖြစ်လိမ့်မယ်။ ကိုယ်ကအဲဒီဖက်မှာ အားနည်းတတ်လို့ အခက်တွေ့နိုင်တယ်။ ဒါကြောင့်သူက ဆရာလုပ်တာကို ခံရလိမ့်မယ်။ ကိုယ်ကအကူအညီ မတောင်းပေမဲ့ သူကအမြဲတမ်း ကူညီဖေးမပေးမဲ့ သူပါပဲ။ | |
| ၄ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ၈ ဂဏန်နဲ့ ၄ဂဏန်းဟာ အလွန်သင့်မြတ်မှုရှိတဲ့ ဂဏန်းတွေပါပဲ။ ဒီဂဏန်းနှစ်ခု ပေါင်းစပ်လိုက်ရင် ထူးခြားတဲ့စွမ်းအားတွေ ဖြစ်ပေါ်လာနိုင်ပါမယ်။ စိတ်တူကိုက်တူ ဝါသနာတူ ဖြစ်လာနိုင်မယ်။ ပူးတွဲလုပ်ဆောင်မှုတွေ အောင်မြင်မှုရပြီး ချမ်းသာပြည့်စုံလာနိုင်တယ်။ ဒါပေမဲ့ နှစ်ဦးစလုံး အမျက်ဒေါသကို ထိန်းသိမ်းဖို့ လိုပါတယ်။ | |
| ၅ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ မြန်ဆန်သွက်လက် ချက်ချာပြီး ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ နေတတ်သူဖြစ်မယ်။ ကိုယ်ကတော့ အဲဒီလို ရယ်စရာလုပ်ပြီး ပျော်နေတာမျိုးကို ပျက်ချော်ချော်နိုင်တယ်လို့ ထင်တတ်တယ်။ သူဟာ ကိုယ့်အကူအညီကို မယူလိုပဲ ကိုယ့်အားကိုယ်ကိုးလိုစိတ် ရှိမယ်။ | |
| ၆ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အတွက် အင်မတန် သိမ်မွေ့နူးညံ့ပြီး ပျော်မွေ့ဖွယ်တွေကို ပေးစွမ်းနိုင်ပါမယ်။ သူ့ရဲ့  ကူညီဖေးမမှုတွေကိုလည်း ရနိုင်ပါမယ်။ ဒါပေမဲ့ အလုပ်ကိစ္စ၊ ခရီးထွက်တဲ့ ကိစ္စတွေနဲ့ မကြာခဏ ခွဲနေရတတ်တယ်။ ၆ဂဏန်းသမားဟာ အိမ်မှာတစ်ယောက်ထဲ နေရလေ့ ရှိလိမ့်မယ်။ | |
| ၇ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ သူ့ကိုကိုယ်က ဂရုစိုက်သလောက် သူကကိုယ့်အပေါ် ကိုယ့်လောက် ဂရုမစိုက်ဘဲ ဖြစ်နေလိမ့်မယ်။ ကိုယ်ကသူနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေချင်ပေမဲ့ သူ့ဘက်က အဲဒီအခွင့်အရေး မပေးတတ်ဘူး။ သူဟာအိမ်ထောင်ရေး၊ စီးပွားရေး ကိစ္စတွေမှာ ဦးဆောင်နိုင်သူတော့ ဖြစ်ပါမယ်။ | |
| ၈ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ ပူးတွဲပေါင်းစပ်လို့ အင်မတန်ကောင်းတဲ့ ဂဏန်းတူတွေပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသီးသီးကျေနပ်မှုတွေ ရှိနေစေမဲ့ အတွဲပါပဲ။ ဘဝတိုက်ပွဲ ဘယ်လိုကြမ်းပါစေ အတူတူ ရင်ဆိုင်နိုင်မယ်။ နောက်ဆုံးမှာ အောင်မြင်ချမ်းသာမှုကို ရရှိမှာ သေချာပါတယ်။ | |
| ၉ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်ကို ဆရာတစ်ယောက်လို ကူညီဖေးမညွှန်ပြ ထိန်းကြောင်းနိုင်ပါမယ်။ နှစ်ဦးသား ပေါင်းစပ်လုပ်ကိုင်မယ်ဆိုရင် အားလုံးကံကောင်းစွာ အောင်မြင်ရတတ်ပါတယ်။ အတိုင်အဖောက် ညီကြမယ်။ အိမ်ထောင်ရေး၊ စီးပွားရေး အောင်မြင်ပြည့်စုံမဲ့ အတွဲပါပဲ။ | |
| သင်ဟာ ... မွေးဂဏန်း ၉ ပိုင်ရှင် ဖြစ်မယ်ဆိုရင်
မိမိရဲ့  ဘဝလက်တွဲဖော်အဖြစ် ... |
|
| ၁ ဂဏန်းဖြစ်သူကို ရွေးချယ်ထားမယ်ဆိုရင်။ ။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့  အကြံအစည် အတွေးအခေါ်တွေကို တည့်မတ်ပေးနိုင်မယ်။ ဆုံးဖြတ်ချက်တွေကို ပိုကောင်းအောင် လုပ်ပေးနိုင်မဲ့သူပဲ ဖြစ်လိမ့်မယ်။ နှစ်ဦးစလုံးဟာ စွမ်းအားကောင်းတဲ့ ဂဏန်းပိုင်ရှင်တွေမို့ ကြီးပွားတိုးတက် အောင်မြင် လာပေလိမ့်မယ်။ | |
| ၂ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ မိမိက အဖိုဓာတ်ဖြစ်ပြီး သူကအမဓာတ်ဖြစ်တယ်။ ဖိုနဲ့မဓာတ်တွေရဲ့  ပေါင်းစပ်မှုကြောင့် ကောင်းကျိုးတရားတွေ အများကြီးရ လာနိုင်ပါတယ်။ ဒါပေမဲ့ ၂ဂဏန်းတွေဟာ ရှက်ကြောက် အားငယ်တတ်ပါတယ်။ | |
| ၃ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ၉ နဲ့ ၃ ဟာအကောင်းဆုံး လိုက်ဖက်ညီတဲ့ ဂဏန်းတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းစီးပွား တိုးတက်ရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊အရသာကို အပြည့်အဝ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု တူညီစွာနဲ့ သူကကိုယ့်ကို ကူညီနိုင်၊ ကိုယ်ကသူ့ကို ကူညီနိုင်မဲ့ အတွဲပဲဖြစ်ပါတယ်။ | |
| ၄ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ သူနဲ့ပေါင်းစပ်ပြီးမှ အင်အားတွေတိုးလာပြီး အရာရာ လုပ်ကိုင်မှုတွေ အဆင်ပြေလာနိုင်ပါမယ်။ သူ့ကြောင့်ကိုယ့်မှာလည်း အကျိုးအမြတ်တွေ ရလာပြီး သူကလည်း ကိုယ့်ကြောင့် ပြည့်စုံမှုတွေ ရရှိလာပါလိမ့်မယ်။ သူဟာ အပေါင်းအသင်းနဲတတ်သူ ဖြစ်ပေမဲ့ ကိုယ့်ကြောင့် အပေါင်းအသင်း စုံလာလိမ့်မယ်။ ဒါပေမဲ့ မကြာခဏခွဲခွာပြီး နေရတတ်ပါတယ်။ | |
| ၅ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အပေါ် အမြဲတစေ ကူညီဖေးမမှုတွေ ပေးနိုင်မဲ့သူပဲ ဖြစ်ပါမယ်။ ကိုယ်က အလုပ်လုပ်ရင် အကျိုးအမြတ် အရနည်းတတ်သူဖြစ်ပြီး သူနဲ့ ပေါင်းစပ်တွဲဖက်မယ်ဆိုရင် အကျိုးအမြတ်တွေ များလာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ အလုပ်ကို အမြဲမပြတ် လုပ်နေနိုင်တဲ့သူ ဖြစ်လို့ပါပဲ။ သွက်လက်မှုရှိပြီး အပြောင်းအလဲ မြန်ဆန်သူလည်း ဖြစ်ပါတယ်။ | |
| ၆ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်က ကျားကျားယားယားနဲ့ ယောက်ျားဆန်သလောက် သူက နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်မယ်။ ဒါပေမဲ့ တွဲဖက်ဖို့ကောင်းမဲ့ သူပဲဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီထောက်ပံ့မှုတွေ ရှိကြပြီး တိုးတက်အောင်မြင်မယ်။ ချမ်းသာပြည့်စုံ ကြွယ်ဝလာနိုင်တဲ့ အတွဲပဲ ဖြစ်ပါတယ်။ | |
| ၇ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ့်အနေနဲ့ သူ့ရဲ့  အိမ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်ပြီး သူ့ရဲ့  အင်အားကြောင့် ကံကောင်းမှုတွေ ရလာနိုင်ပါမယ်။ သူနဲ့ ကိုယ်နဲ့ဟာ ယုံကြည်မှုနဲ့ သိတတ်မှုတွေလည်း တူညီနေတတ်တယ်။ သူဟာအများအားဖြင့် ကိုယ့်ရဲ့  အင်အားတွေကို ထုတ်ယူအသုံးချနိုင်မဲ့ သူလဲဖြစ်တယ်။ ကိုယ်ကသူ့ကို ဆရာတင်ရလိမ့်မယ်။ | |
| ၈ ဂဏန်းဖြစ်သူကိုရွေးချယ်ထားမယ်ဆိုရင်။ ။ ကိုယ်ကစည်းနဲ့ကမ်းနဲ့ ဘောင်အတွင်းက အလုပ်လုပ်ချင်တဲ့သူ ဖြစ်နေသလောက် သူကတော့ စည်းလွတ်ဝါးလွတ် ချုပ်ချယ်မှုတွေကို ချိုးဖောက်ပြီး လုပ်ကိုင်ပြောဆို လှုပ်ရှားချင်တဲ့သူ ဖြစ်နေမယ်။ တကယ့် အရေးကြီးတဲ့ ကိစ္စတွေမှာ သူ့ကိုပါဝင်စေလို့ မရနိုင်ပါဘူး။ ရေရှည်မှာ မခိုင်မြဲနိုင်တဲ့ အတွဲပဲဖြစ်တယ်။ | |
| ၉ ဂဏန်းပိုင်ရှင် အချင်းချင်းရွေးလိုက်ရင်။ ။ ဂဏန်းတူကျသူချင်း ဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သင့်မြတ်မှုမရှိဘဲ ခဏခဏ ငြင်းခုန်မှုတွေ ဖြစ်နေတတ်တယ်။ ကိုယ့်အလုပ် သူ့အလုပ် ကြားဖြတ်ဝင် နှောက်ယှက်မှုမျိုးကို တွေ့ကြုံရမယ်။ ဒီနှစ်ယောက်ပေါင်းစပ်ရင် အကျိုးလဲမရှိ၊ အရှုံးလဲမရှိပါ။ ဒါပေမဲ့ တွဲမိပြီဆိုရင် ကြာရှည်လက်တွဲမဖြုတ်တဲ့ သူတွေပါပဲ။ | |
| ၇ရက်သားသမီးများအနေနဲ့ ကိုယ့်ရဲ့  မွေးဂဏန်းနဲ့ ကိုယ့်ရဲ့  ဘဝလက်တွဲဖော်ရဲ့  မွေးဂဏန်းနှစ်ခုကို တိုက်ဆိုင်စစ်ဆေးပြီး ချိန်ဆကာ စဉ်းစားရင်း ဘဝခရီးလမ်းကို ဘယ်လို လျှောက်ကြမလဲဆိုတာ သိနိုင်လောက်ပါပြီ။ | |
| ဒီထက်ပိုပြီး သိချင်တယ်၊ အိမ်ထောင်ဖက်တွေ ရွေးချယ်ချင်တယ်ဆိုရင် ဆရာ့ဆီ ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်။ စာဖတ်ပရိတ်သတ်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ | |
|
ဆရာလူဝင်းအောင် (အေးချမ်းသူတို့ စံပျော်ရာ) |
|
| close | |